Friday, 4 March 2011

ကျိုက်ထီးရိုးအပြန် ကားမှောက် ၂၅ ဦး ဒဏ်ရာရ

နယူးဒေလီ (မဇ္ဈိမ) ။ ။ ကျိုက်ထီးရိုးမှပြန်လာသော ဘုရားဖူးယာဉ်တစီး ကြာသပတေးနေ့ညနေ ၄ နာရီ ဝန်းကျင်က တိမ်းမှောက်ရာ လူ ၂၅ ဦး ဒဏ်ရာရရှိသွားသည်။

လှည်းကူးမြို့ ဓါတ်ဆီဆိုင်နှင့် မီးသတ်ရှေ့တွင် ကျိုက်ထီးရိုးဘုရားဖူးပြီး ပြန်လာသည့် ခရီးသည် ၂၅ ဦးတင်ဆောင်လာသည့် အပေါ့စား ကုန်တင်ယဉ်အမျိုးအစား ယာဉ်အမှတ် ၈ဂ / ၄၆၁၇ မှာ ညနေ ၄ နာရီက တိမ်းမှောက်ခဲ့ကြောင်း လှည်းကူး မီးသတ်က တာဝန်ရှိသူကပြောသည်။

"ကား ရှေ့ဘီးပေါက်သွားတာ။ တအားကြီး အရှိန်ပြင်းပြီးတော့ မှောက်တာ။ ကားပေါ်မှာ အမျိုးသမီးတွေ များတယ်။ လှည်းကူးဆေးရုံမှာ အတွင်းလူနာအနေနဲ့ တင်ထားတယ်" ဟု မီးသတ်တာဝန်ကျဝန်ထမ်းတဦးက ပြောသည်။

ကားပေါ်တွင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ဝ ဦး ပါဝင်ပြီး ယာဉ်ပေါ်ပါသူအားလုံး ထိခိုက်ဒဏ်ရာရရှိခြင်း ဖြစ်သည်။

ယာဉ်မောင်းသူမှာ အသက် ၂၉ နှစ်အရွယ် မောင်အေးမင်းသိန်းဖြစ်ပြီး လှည်းကူးမြို့နယ် ရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

0 comments:

Post a Comment